facebook
အေးအေးဆေးဆေး နေလိုသူ အတွက်ရိုးရှင်းသစ်လွင်တဲ့ မရမ်းကုန်းက နှစ်ထပ်အိမ်

အေးအေးဆေးဆေး နေလိုသူ အတွက်ရိုးရှင်းသစ်လွင်တဲ့ မရမ်းကုန်းက နှစ်ထပ်အိမ်

သိန်း 3300.00 Ks.
တည်နေရာ - ဇေယျာခေမာလမ်း၊ ရှစ်မိုင်၊ မရမ်းကုန်းမြို့နယ်။ ဈေးနှုန်း-ကျပ်သိန်း ၃,၃၀၀(အရောင်း)။ ဖုန်း-၅၂၆၀၇၃၊ ၀၉ ၄၃၀၉၄၉၄၉။။ ဆက်သွယ်ရန်- Estate Myanmar အိမ်၊ ခြံ၊ မြေ အကျိုးဆောင် လုပ်ငန်း။
ဆက်သွယ်ရန် : Estate Myanmar
Phone : ၅၂၆၀၇၃၊ ၀၉ ၄၃၀၉၄၉၄၉
Group : အရောင်း

အေးအေးဆေးဆေး နေလိုသူ အတွက်ရိုးရှင်းသစ်လွင်တဲ့ မရမ်းကုန်းက နှစ်ထပ်အိမ်

အိမ်ကတော့ ရှစ်မိုင်မှာပါ။

အသင့်အတင့် ကောင်းမွန်တဲ့ အိမ်တစ်လုံးပါပဲ။

ရှစ်မိုင်လို နေရာကောင်းမှာ မိသားစုနည်းနည်းနဲ့ အေးအေး ဆေးဆေး ရိုးရိုးရှင်းရှင်းနေချင်တယ်၊ ကြီးကျယ်ခမ်းနားဖို့ မလိုဘူးဆို ရင်တော့ အဆင်ပြေမှာပါ။

စတုရန်းပေ ၂,၈၀၀ (၇၀ x ပေ ၄၀) ။

ခြံက အတော်အသင့် ကျယ်ဝန်းပြီး အိမ်ကိုလည်း ခပ်သေးသေးဆောက် ထားတာကြောင့် ခြံဘေးနှစ်ဖက်မှာ နေရာလွတ်တချို့ ရှိနေပါသေးတယ်။

ခပ်လှမ်းလှမ်းက ကြည့်ရင် သေတ္တာလေး တစ်လုံးချထားတာနဲ့တူတဲ့ ဒီအိမ်လေး ထဲကို လှမ်းဝင်လိုက်တာနဲ့ လက်ဝဲဘက် မှာ ဧည့်ခန်းကို တွေ့ရမှာဖြစ်ပါတယ်။

ခြံ ထဲမှာ သစ်ပင်တွေမရှိတာကြောင့် နေ အလင်းရောင်တွေက ပြတင်းပေါက်က နေ အတားအဆီးမရှိ ၀င်ရောက်နိုင်တဲ့ အတွက် ဧည့်ခန်းက အလင်းရောင် ကောင်းပါတယ်။

လက်ယာဘက်မှာ တော့ ရေချိုးခန်းအိမ်သာ တွဲလျက်ပါဝင် တဲ့ အိပ်ခန်းတစ်ခန်းရှိပါတယ်။ ဧည့်ခန်းနဲ့ ကပ်လျက်မှာတော့ ထမင်း စားခန်းရှိပြီး သူနဲ့ မျက်နှာချင်းဆိုင်မှာ တော့ မီးဖိုဖြစ်ပါတယ်။ မီးဖိုကတော့ အတော်လေးကျဉ်းတယ် ဆိုရပါမယ်။

အောက်ထပ်တစ်ထပ်လုံးကို ပါကေးပုံစံ ကြွေပြားတွေ ခင်းထားပါတယ်။ အဲဒီလို ပါပဲ။ ကြွေပြားခင်း လှေကားကနေ တက်သွားတဲ့အခါ အပေါ်ထပ် ရောက်ရောက် ချင်း လက်ယာဘက်မှာ ဘုရားခန်းကျယ် ကို မြင်ရမှာဖြစ်ပါတယ်။

လှေကားနဲ့ တည့်တည့်မှာတော့ စတီးဝရန်တာ လေးရှိပါတယ်။ အပေါ်ထပ်မှာတော့ ကိုရီးယားပါကေးတွေ ခင်းထားတာ တွေ့ရတယ်။ ရိုးရိုးအိပ်ခန်းတစ်ခန်း၊ ရေချိုးခန်း အိမ်သာ တွဲလျက်ပါတဲ့ အိပ် ခန်းတစ်ခန်းရှိတယ်။ အခန်းဖွဲ့စည်းပုံက တော့ ဒါအကုန်ပါပဲ။

အပေါ်ထပ်ကနေ ခေါင်မိုး ဆီတက်ဖို့ လှေကားဖြူလေး တစ်ခုရှိပါ သေးတယ်။ ခေါင်မိုးက Slad ခေါင်မိုး ဖြစ်ပါတယ်။

နေ့ခင်းပိုင်းကြီး ခေါင်မိုးဟာ အရမ်းကို ပူနေပေမယ့် ညဘက် ဆိုရင်တော့ လေညင်းခံလိုသူတွေအတွက် တော်တော်လေး အဆင်ပြေမယ်လို့ စဉ်းစားမိတယ်။

လူနေအိမ် သိပ်သည်းမှု မရှိတာက ခေါင် မိုးထပ်မှာ လေညင်းခံဖို့ အဆင်ပြေစေမှာ ဖြစ်ပါတယ်။

ဒီအိမ်အတွက် တခြား အချက်အလက် တွေကတော့ လေအေးပေးစက် တစ်လုံးပါမယ်၊ ကြိုးဖုန်းတစ်လုံး ပါဝင်မှာ ဖြစ်ပါတယ်။

ရေကတော့ ဂျိုးဖြူရေပါ။ အိမ်အတွက် မီတာကတော့ ရိုးရိုးမီတာ ဖြစ်ပါတယ်။